3 Years Ago Today ( prod. by Noisey) by Y CUBE published on 2021-01-19T12:41:37Z Lyrics - မနက်ငါးနာရီ လမ်းမထက် ငါတစ်ယောက်တည်း...လျောက်ကာ အေးစက်နေသော သစ်ရွက်တွေတောင်အိပ်မောကျ အရာရာဝိုးတဝါး... ဒီလိုဆောင်းရာသီတိုင်းသတိရတဲ့လက်ကလေး...မရှိတာ... ကြာခဲ့ပေါ့...သတိမမူလည်း တွေ့ရတဲ့မြူတွေရဲ့ကြားမှာ... ဒါနင်များလား... ဘေးပတ်ဝန်းကျင်ကို ရှေးဟောင်းပန်းချီကားတစ်ချပ်ချပ်လိုလို စိတ်ကထင်လိုက်တယ်... အေးစက်တဲ့ပါးပြင်ပေါ် နွေးထွေးစေမယ့်မျက်ရည်တစ်စ အသက်ဝင်သွား... ချယ်ရီပန်းများ...နှင်းဖြစ်သွားတဲ့နေ့စွဲများ...ကမ္ဘာပေါ်မရောက်ဖြစ်တဲ့ အလင်းရောင်များ...ခြေဖျားထောက်ကာပွင့်တဲ့ပန်းလေးတွေ လွင့်ကြွေသွား...ဆောင်းအိပ်မက်တွေထဲမှာ... အရာရာဝိုးတဝါး...တိတ်ဆိတ်ခြင်းရဲ့ပေါက်ကွဲအား... ရောင်စုံမြို့ပြရဲ့အသက်ရှူသံကြား... အငွေ့ပျံမတတ်ငါ လွမ်းမိတဲ့အကြောင်းတွေ သူမသိပါ.... ဘယ်လောက်နောက်ကျပါစေဆောင်းတစ်ညမှာ ပြန်လာမယ်သာ ပြောစမ်းပါ။ မနက်ခင်းအတုအယောင်တွေဟာ နစ်မြုပ်ဝင်ဆဲပဲ နှင်းစက်အတုများကြား။ ရှူရှိုက်သမျှလေဟာ ဖြူလွလွ။ ဆောင်းရောက်ပြီဆို မိုးကိုလွမ်းလို့မပြီးနိုင်တဲ့ သူမဟာ ဘယ်သူ့အနားမှာ? ငါ့စိတ်ကတော့ သူ့အနားမှာ။ သူကသာ....... ဆောင်းရာသီအမှတ်တရများကို စီကုံးပြပါ။ အဲ့လိုသာမေးခဲ့ရင်အဖြေက ... (၁)ငါ့ဘေးနင်ရှိတုန်းခဏတာ။ (၂)ငါ့ပုခုံးပေါ်မှီအုံးထားတာ (၃)ငါတို့၂ယောက် အရယ်အပြုံးများစွာ။ တို့၂ယောက် အတိတ်ထက် ပိုအေးမြတဲ့နှင်းစက် ကမ္ဘာပေါ်မကျလာနိုင်တော့တာ နင်အသိဆုံးမလားကွာ။ ဒီနှလုံးသားအား ပြည်ဖုံးကားချ။ ကော်ဖီခွက်ကိုငေး...အတိတ်ကနေ့များရက်များပြေးမြင်။ ဘဝတူသစ်ရွက်လေးတွေ ရင်ဖွင့်တဲ့စကားသံကို ဝေမျှခံစားနေ့စဉ်။ ငါလွမ်းသလို နင့်ကိုလွမ်းစေချင်တာ တရားလား? အဖြေက မပြတ်သားသေးခင်... ညနေစောင်း နင် ခြေဖျားလက်ဖျားအေးရင် အပြေးရောက်လာပြီး ပွေ့ထားဖက်ထားပေးချင်။ မင်းလည်း တစ်နေ့အချစ်သစ် တွေ့ရှိသွားလိမ့်မယ်ဆိုတာကို ဆက်တွေးသင့်မသင့်? အချိန်တွေဟာကလေးတစ်ယောက်လို စင်္ကြာပန်းလေးကိုင် ထွက်ပြေးရင်း အဝေး...တလွင့်လွင့်။ (မင်းအတွက်ငါ = ငါ့အတွက်မင်း) ငါသိတဲ့အချစ်ရဲ့ Definitionအစစ်က မမျှော်လင့်တဲ့ Amazing Trickကြောင့် အသက်ပေးရင်းချစ်ကြမယ့် Relationship မှာ ရုတ်တရက် အရေးအခင်းဖြစ်။ "ကိုယ့်ရင်ခွင်နှင်းများရွှဲ တိုးဝင်ရင်မင်းဖျားမယ်"ပြောလည်း ရဲရင့်ခဲ့တဲ့ သူ့အပေါ်အားနာမိတယ်။ မှားခဲ့သမျှ ငါတို့ပြင်ဆင်ခွင့်မရခဲ့။ အထီးကျန်ညတွေမှာ ဂစ်တာတစ်လက်ပိုက်ရင်း စိုးလွင်လွင်သီချင်းများနဲ့။အနားမှာမင်းရှိသလို သီဆိုဟစ်ကြွေးရင်း မိုးစင်စင်လင်းသွားရဲ့။ အဲ့ဒီတော့လည်း နင့်လမ်းပြကြယ်နဲ့နင် ငါ့လမ်းပြကြယ်နဲ့ငါ ခရီးဆက်လျောက်အခု။ အရာရာပြာကျသွားလည်း ရင်ထဲကဆောင်းရာသီကတော့ အပြီးမသတ်လောက်ဘူး။ တစ်ခါကတော့ အကြည့်တစ်ချက်ကြောင့်ရူး။ ငါဖြစ်ခဲ့တယ် မီးခွက်စောင့်ဘီလူး။ ခက်ရင်းခွနဲ့ အနီးကပ်ဖောက်တူးတောင် ရင်ဘတ်က ဒီထက်မအောင့်ဘူး။ ပြန်ရှာမရတဲ့ တစ်ခါတုန်းက see first accountတစ်ခု။ မြောက်ပြန်လေတို့တောင် သိနေပြီ။ နင့်အတွက် ဘယ်သူဒီလောက်ငိုမလဲ။ Rubyတစ်တောင့်ကိုခဲ။ အချမ်းမလျော့ဖို့ ကောင်းကင်ကို အကူအညီတောင်းဆိုမယ်။ အလွမ်းပြေ နင့်အငွေ့အသက်တွေ ကပ်ကျန်ရစ်ခဲ့တဲ့ Hoodieအဟောင်းဆိုလည်း... တစ်ကယ်ပါ အခုထိ ငါ့အတွက်တော့ ယူနီဖောင်းလိုပဲ။ ချယ်ရီပန်းများ...နှင်းဖြစ်သွားတဲ့နေ့စွဲများ...ကမ္ဘာပေါ်မရောက်ဖြစ်တဲ့ အလင်းရောင်များ...ခြေဖျားထောက်ကာပွင့်တဲ့ပန်းလေးတွေ လွင့်ကြွေသွား...ဆောင်းအိပ်မက်တွေထဲမှာ... အရာရာဝိုးတဝါး...တိတ်ဆိတ်ခြင်းရဲ့ပေါက်ကွဲအား... ရောင်စုံမြို့ပြရဲ့အသက်ရှူသံကြား... အငွေ့ပျံမတတ်ငါ လွမ်းမိတဲ့အကြောင်းတွေ သူမသိပါ.... ဘယ်လောက်နောက်ကျပါစေဆောင်းတစ်ညမှာ ပြန်လာမယ်သာ ပြောစမ်းပါ။ Comment by Saw Wai Oo 🔥 2024-05-21T17:13:50Z Comment by nayminthu :( 2024-01-19T16:10:45Z Comment by Pyae Pyae Mhue သတိရတယ် 2023-11-30T18:43:10Z Comment by SawPeter Parker Masterpiece Rap😭 2023-10-25T13:05:19Z Comment by Yoe Win San စာအရှည်ကြီးက ဘယ်နားရေးထားတာလဲဗျာ့။ ရှာလို့ မတွေ့ဘူး 2023-10-15T14:53:18Z Comment by PSY^Mann™ Dope rapping 2023-10-04T09:31:50Z Comment by Min missing ✌ 2023-08-28T01:33:03Z Comment by htet so good 🥺 2023-06-12T09:31:38Z Comment by Rasmus the Jealous Masterpiece 2023-04-02T11:01:21Z Comment by Thu Rein Tun ❤️🔥 2023-02-16T14:56:26Z Comment by Trippy X 🔥 2023-01-11T03:47:43Z Comment by Jad3n in da room သူပျံမလာသေးပါ 2022-10-08T02:32:18Z Comment by Yelo ဆောင်းရာသီကိုတောင်ရောက်တော့မယ် 2022-09-02T16:42:58Z Comment by Yuri 👍❤️🔥❤️🔥 2022-08-04T15:02:56Z Comment by Wai Yan ဒီနှစ်ဆောင်းလဲ ထပ်feelရဦးမယ်ဗျာ..🔥 2022-07-25T09:49:11Z Comment by Ko Gyi Aung Htet ကြွေပီ YC ရေ စောက်ရမ်းမိုက် 2022-07-24T23:13:37Z Comment by ardan This lyrics ❤️ 2022-06-16T20:47:40Z Comment by Octo stoñe masterpiece 2022-05-30T09:51:09Z Comment by June so underrated!! ❤️ 2022-04-14T09:47:15Z Comment by B.i.G Elie cool 2022-01-31T01:58:53Z Comment by Aung Ko Latt သွေးပျက်မတက်ငါလွမ်းနေတဲ့အကြောင်းတွေ သူမသိပါ...😓 2022-01-11T07:25:54Z Comment by Win Pa Pa Nyein Whenever i listen to this song,it immerse my emotions.. even though i have never had such a person. 2021-12-27T04:21:10Z Comment by Dogg Kill3r 😰😰😰😰 2021-12-20T03:09:18Z Comment by Daniellovescigarettes ကမ္ဘာကို မရောက်ဖြစ်တဲ့ အလင်းရောင်များ 2021-11-12T10:36:55Z Comment by Tsuki ဆောင်းရောက်လာပြန်ပြီ 2021-11-03T13:45:32Z Comment by Han wai vin nice song 2021-09-19T16:28:24Z Comment by Htet Paing Tun မင်းလဲတစ်နေ့အချစ်သစ် တွေ့ရှိသွားလိမ့်မယ် ဆိုတာကို ဆက်တွေး သင့် မသင့် 2021-09-05T18:31:13Z Comment by _Mikuri_ Thanks for this song. I really like it. 2021-08-10T20:15:44Z